ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ကျရောက်သည့် ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်း၏ သက်တော် (၇၃) နှစ်ပြည့်မွေးနေ့တော်မင်္ဂလာအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံ၍ သက်တော်ရာကျော်ရှည်ပါစေကြောင်း ကျွန်တော်တို့ ASWA အဖွဲ့သားများမှ ဆုမွန်ကောင်းပို့သအပ်ပြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် လူ ၂၅၀ စာ ဆန် ဆီ ခေါက်ဆွဲခြောက် လှူဒါန်းပေးပါသည်။































































